အလှူရှင်များနှင့်စီမံခန့်ခွဲမှု

အလှူရှင်များနှင့်စီမံခန့်ခွဲမှု

အလှူရှင်အဖွဲ့အစည်းများ

JPF အား ထောက်ပံ့နေသည့် အလှူရှင် ၁၁ဦး ရှိပြီး ၎င်းတို့မှာ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်သည်။ နောက်ထပ် အလှူရှင်အဖွဲ့အစည်းများကို ကြိုဆိုလျှက်ရှိပြီး အနည်းဆုံး ၂၀၂၁အထိ လုပ်ငန်းဆောင်ရွက်ရန် မျှော်မှန်းပါသည်။

နိုင်ငံအစုံပါဝင်သော အလှူရှင်အဖွဲ့အစည်းအနေဖြင့် JPF သည် နိုင်ငံတကာမှအကောင်းဆုံးကျင့်သုံးမှုတစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စုစည်းထားသည့်ရန်ပုံငွေများနှင့် ပေါင်းစပ်ထားသည့်ပံ့ပိုးမှုများကို ယူဆောင်လာပါသည်။

အုပ်ချုပ်မှု

JPF ကို အလှူရှင်၁၁ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ရန်ပုံငွေဘုတ်အဖွဲ့မှ အုပ်ချုပ်ပါသည်။ ရန်ပုံငွေဘုတ်အဖွဲ့ အစည်းအဝေးများကို JPF ရုံးတွင် လစဉ်ပြုလုပ်ပြီး အလှူရှင်နိုင်ငံများမှ သံအမတ်ကြီးများသို့မဟုတ်၎င်းတို့ကို ကိုယ်စားပြုစေလွှတ်သူများတက်ရောက်ပါသည်။ ထို့အပြင် လုပ်ငန်းပိုင်းဆိုင်ရာ ပေါ်ပေါက်လာသည့် ကိစ္စရပ်များကို Fund Board Working Group မှ JPF ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပါသည်။

စီမံခန့်ခွဲမှု

JPF အဖွဲ့

JPF ကိုနည်းပညာပိုင်းရုံးအဖွဲ့ (Technical Secretariat) နှင့် အကျိုး ဆောင်နှင့် ကန်ထရိုက်စာချုပ် မန်နေဂျာ (Trustee and Contract Manager) ဟူသည့် အဖွဲ့နှစ်ဖွဲ့မှ ပူးပေါင်း စီမံခန့်ခွဲပါသည်။ အကြီးစား ရန်ပုံငွေထောက်ပံ့မှုရရှိသည့် မိတ်ဖက်အဖွဲ့များအား နှစ်ဖွဲ့စလုံးမှ ပံ့ပိုး ကူညီမှုပြုပါသည်။

နည်းပညာပိုင်း ရုံးအဖွဲ့

နည်းပညာပိုင်းရုံးအဖွဲ့ အနေဖြင့် စီမံကိန်းများကို ကြီးကြပ်ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်သူမိတ်ဖက်အဖွဲ့များနှင့် ရန်ပုံငွေဘုတ်အဖွဲ့ကို နည်းပညာ၊ အကြံဉာဏ်နှင့် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာပံ့ပိုးမှုများ ပေးအပ်ပါသည်။ စီမံကိန်းများဖော်ထုတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ဦးဆောင်ပါသည်။မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံတကာမှ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များတွင် အတွေ့အကြုံရှည်လျားစွာ ရှိသော ပြည်တွင်း ပြည်ပဝန်ထမ်းများကို ခန့်အပ်ထားပါသည်။

အကျိုးဆောင်နှင့် ကန်ထရိုက်စာချုပ် မန်နေဂျာ

နိုင်ငံအစုံပါဝင်သော အလှူရှင်အဖွဲ့အစည်းအနေဖြင့် ရန်ပုံငွေများကို ထိန်းသိမ်းရန်နှင့် အလှူရှင်နိုင်ငံများ၏ တိကျသော နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ ရန်ပုံငွေများ ပေးအပ်မှုပြုလုပ်နိုင်ရန် အကျိုးဆောင်တစ်ဦးရှိရပါသည်။ United Nations Office for Project Services (UNOPS) အနေဖြင့် ရန်ပုံငွေများကို ထိန်းသိမ်းပြီး အဖွဲ့အစည်း၏ တရားဝင်ကိုယ်စားလှယ်၊ အကျိုးဆောင်နှင့် ကန်ထရိုက်စာချုပ် မန်နေဂျာအဖြစ် ဆောင်ရွက်ပါသည်။ အကြီးစားရန်ပုံငွေထောက်ပံ့မှုများအားလုံးအတွက် ငွေကြေးနှင့်ထိန်းသိမ်းမှုစည်းကမ်းများကို လက်မှတ်ထိုး ပြီး စီမံခန့်ခွဲသကဲ့သို့ နည်းပညာပိုင်းရုံးအဖွဲ့မှ ကြီးကြပ်သော ရန်ပုံငွေများကိုလည်း စီမံခန့်ခွဲပါသည်။